Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခင်လကုန်နှင့်ယခုလကုန် နှိုင်းယှဉ်မှု

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုလကုန် တစ်တင်းလျှင် နှမ်းဖြူ (၈၅၀၀၀-၉၅၀၀၀)ကျပ်၊နှမ်းနက် (၇၅၀၀၀-၉၀၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၁၀၀၀)ကျပ်ရှိပြီး ယခင်လကုန် ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၇၃၀၀၀-၇၆၅၀၀)၊ နှမ်းနက် တစ်တင်းလျှင် (၇၀၀၀၀- ၈၃၀၀၀)ကျပ်၊  နှမ်းညို တစ်တင်းလျှင် (၇၅၀၀၀) ကျပ် ပေါက်ဈေးရှိပြီး  ယခုလကုန်နှင့် ယခင်လကုန်နှိုင်းယှဉ်ပါက နှမ်းမျိုးစုံ ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရပါသည်။

မြေပဲလုံးဆံ

ယခုလကုန် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၅၅၀၀မှ၅၂၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၀၀၀)ကျပ် ရှိပြီး ယခင်လကုန် ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၆၄၀၀-၆၅၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၆၀၀၀)ကျပ် ပေါက်ဈေးရှိပါသည်။  ယခုလကုန်နှင့် ယခင်လကုန်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် (၁၃၀၀)ကျပ်၊  ဆီဆံဖြူ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့် ကျဆင်းသွား ကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News